Sunday, November 2, 2008

ကျိန်စာလား

ဘ၀များစွာက
ဆုတောင်းမှားခဲ့တဲ့
ရင်ကွဲကျိန်စာဟာ
အခုများမှ
ပေးဆပ်စေတာလား။
ငါထင်တာထက်
ကံကြမ္မာဆိုးက
နှလုံးသားကို
ပိုအဆိပ်သင့်စေတာလား။
မတူညီတဲ့
ဆန့်ကျင်ဖက်အရိပ်
ငါ့၇ဲ့ရင်ကို
တင်ကျန်စေတာလား။
တစ်ယောက်အတွက်က
အတိတ်ဖြစ်စေသလို
တစ်ယောက်အတွက်က
အရိပ်လို
ဖြစ်စေခဲ့တာလား။
နှလုံးသားရဲ့
ချစ်ခြင်းကျိန်စာဟာ
ခုများမှ
သက်ရောက်စေခဲ့တာလား။
အဖြေမသိသေးတဲ့
ပုဒ်စာတစ်ခုရဲ့
ကျိန်စာဟာ
ခုများမှစခဲ့လေသလား။

1 comment:

  1. အင်းဖတ်ရတာကောင်းတယ်ဗျာ။ ကျိန်စာတော့မဟုတ်ပါဘူး လူတိုင်းခံစားနေရတဲ့ ဒုက္ခလေးပါ

    ReplyDelete